ဒီဇင်ဘာလ (၁၆)ရက် နံနက် (၈)နာရီကျော်အချိန်က မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကုက္ကိုလ်ချောင်းကျေးရွာအနီးမှာ စာမေးပွဲဖြေဆိုရန်သွားသည့် အသက် (၁၄)နှစ်အရွယ် Grade-5 ကျောင်းသူ တစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ညောင်ဦး-ချောက်ကားလမ်း အတိုင်း ခြေလျင်ထွက်ခွာလာစဉ် ကုက္ကိုလ်ချောင်းကျေးရွာအနီးသို့ အရောက် အကြမ်းဖက်ဝင်တွေ ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအချိန်တွင် အဆိုပါ ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသူကို ချောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားပါတယ်။



