back

ကျားဖြန့်အမှုအတွက် တရုတ်က အလိုရှိနေသူတစ်ဦးကို ထိုင်းရဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိ

Dec 18 • 2:52 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကျားဖြန့်အမှုအတွက် တရုတ်က အလိုရှိနေသူတစ်ဦးကို ထိုင်းရဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိ

ဟွမ်လို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ အဓိက ကျားဖြန့်လုပ်ငန်းကြီး တစ်ခုနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံထားရသူပါ။ သူဟာ ထိုင်းနိုင်ငံရဲ့ ...

ဟွမ်လို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ အဓိက ကျားဖြန့်လုပ်ငန်းကြီး တစ်ခုနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံထားရသူပါ။ သူဟာ ထိုင်းနိုင်ငံရဲ့ အခွင့်ထူး ပတ်စ်ပို့တ် ကိုင်ဆောင်ထားပေမယ့် ဇူလိုင် ၁၆ ရက်နေ့တုန်းက မက္ကဆီကို ပတ်စ်ပို့တ် အတုတစ်ခုကို အသုံးပြုပြီး ထိုင်းကနေ ထွက်ခွာဖို့ ကြိုးစားတဲ့အချိန် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ဟွမ်ဟာ တရုတ်ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ် အကြောင်းကြားမှုအရ နိုင်ငံတကာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ အလိုအရှိဆုံး စာရင်း Red Noticeထဲမှာ ပါဝင်နေတဲ့အတွက် ပတ်စ်ပို့တ်အတုကို သုံးပြီး ပြည်ပထွက်ခွာဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ ဟွမ်ဟာ ၂၀၂၀ တုန်းက ယူနန်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံဖက်ခြမ်းကို တောလမ်းကနေ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း သူဟာ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ ထူထောင်တဲ့ ဒုစရိုက် ကွန်ရက်တစ်ခုထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပါတယ်။အထူးသဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ New Taichang Parkလို့ခေါ်တဲ့ ကျားဖြန့် လုပ်ငန်း ရပ်ဝန်းဟာ ဟွမ်နဲ့ အဓိက ဆက်စပ်မှု ရှိနေတယ်လို့ သိရပါတယ်။ အဲဒီမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ အွန်လိုင်းကနေ သားကောင်တွေကို ပစ်မှတ်ထား ရှာဖွေပြီး လှည့်စား လိမ်လည်လေ့ ရှိပါတယ်။




news-view-count-icon

12