back

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာအိမ်ရာအဆောက်အအုံ(၂၄)လုံးတည်ဆောက်ရန် တင်ဒါခေါ်ယူ

Dec 18 • 2:56 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာအိမ်ရာအဆောက်အအုံ(၂၄)လုံးတည်ဆောက်ရန် တင်ဒါခေါ်ယူ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင...

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ အိမ်ရာအဆောက်အအုံ (၂၄)လုံး တည်ဆောက်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေကို အိတ်ဖွင့်တင်ဒါတင်သွင်းဖို့ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဒီဇင်ဘာ (၁၈)ရက်မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ဖိတ်ခေါ်အသိပေးကြေညာထားပါတယ်။တင်ဒါလျှောက်လွှာပုံစံတွေကိုဒီဇင်ဘာ(၁၇)ရက်ကနေ ဒီဇင်ဘာ(၃၀)ရက်နေ့အထိရုံးချိန်အတွင်းမှာ ရောင်းချပေး သွားမှာဖြစ်ပြီး တင်ဒါတင်သွင်းလိုသူတွေအနေနဲ ဒီဇင်ဘာ(၃၁)ရက် နေ့လယ်(၃)နာရီအချိန် နောက်ဆုံးတင်သွင်း နိုင်တယ်လို့ ကြေညာချက်ထဲမှာပါရှိပါတယ်။တင်ဒါလျှောက်လွှာပုံစံဝယ်ယူတာနဲ့ တင်သွင်းတာတွေအတွက် နေပြည်တော်၊ ရုံးအမှတ် (၄၀)၊ တင်ဒါလက်ခံရေး နှင့်စိစစ်ရေးကော်မတီ၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖုန်း- ၀၆၇-၃၄၀၇၅၂၇ ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်းသိရပါတယ်။




news-view-count-icon

14