ရန်ကုန်၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ ၄ ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ထားသော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ၄ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချသွားမည်ဖြစ်သည်။



