လူရွှင်တော်၊ သရုပ်ဆောင်ဦးညီညီလှိုင် (ခ)ညောင်ညောင် အသက်(၆၂) နှစ်ရဲ့ ရုပ်ကလာပ်ကို OSC ဆေးရုံမှ ရေဝေးသုဿန်ရှိအအေးခန်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) ကရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကို နှင့်အသင်းသူ/သားများက ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။သရုပ်ဆောင် ညောင်ညောင်ကတော့ လွန်ခဲ့တဲ့၉လခန့်က အသည်းအဆိပ်တက်ပြီး အတိတ်မေ့သွားရာက ဆေးရုံ ၇လခန့်တက်ခဲ့ရ သေးတာဖြစ်ပါတယ်။ ဆေးရုံက ပြန်ဆင်းလာပြီး ကားရိုက်တွေ လှူပ်ရှားနေခဲ့ပေမယ့်မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။



