back

အပစ်ခတ်ရပ်စဲဖို့ကမ္ဘောဒီးယား ဖနောင်ပင်ကို အရင်တိုက်တွန်းပါဟုထိုင်းဝန်ကြီးချုပ်အနုတင်မှဆိုလာ

Dec 18 • 8:02 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အပစ်ခတ်ရပ်စဲဖို့ကမ္ဘောဒီးယား ဖနောင်ပင်ကို အရင်တိုက်တွန်းပါဟုထိုင်းဝန်ကြီးချုပ်အနုတင်မှဆိုလာ

နယ်စပ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘောဒီးယားကိုသာ ဦးတည်တောင်းဆိုသင့်ကြောင်းနှင့် ထိုင်းနိုင်ငံသည် မည်သည့်အခါကမှ စတင်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ရန်စမှုများကို တုန့်ပြ...

နယ်စပ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘောဒီးယားကိုသာ ဦးတည်တောင်းဆိုသင့်ကြောင်းနှင့် ထိုင်းနိုင်ငံသည် မည်သည့်အခါကမှ စတင်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ရန်စမှုများကို တုန့်ပြန်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က အခိုင်အမာပြောကြားခဲ့သည်။ အင်္ဂါနေ့က နိုင်ငံတော်လုံခြုံရေးကောင်စီအစည်းအဝေးပြီး ပြောကြားခဲ့ရာ၌ ထိုင်းသည် လက်နက်ကြီးများကို အသုံးပြုကာတို-က်ခို-က်နေသည်ဟူသော ကမ္ဘောဒီးယား၏ ပြောကြားချက်ကို မစ္စတာအနူတင်က ပယ်ချခဲ့ပြီး အိမ်နီးချင်းနိုင်ငံသည် ထိုင်းနယ်မြေအတွင်းကို ဘီအမ်-၂၁ ရော့ကက်များပစ်ခတ်ခဲ့ကြောင်းနှင့် နှစ်ဖက်အသုံးပြုခဲ့သော လက်နက်များကို နှိုင်းယှဉ်ကြည့်ရန် လေ့လာစောင့်ကြည့်သူများကို တိုက်တွန်းခဲ့သည်။




news-view-count-icon

21