back

ငြိမ်းချမ်းရေးအစီအစဉ်ကိုဥရောပလက်မခံလျှင်ယူကရိန်းမြေများကိုထပ်သိမ်းမည်ဟုရုရှားပူတင်ဆို

Dec 18 • 5:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငြိမ်းချမ်းရေးအစီအစဉ်ကိုဥရောပလက်မခံလျှင်ယူကရိန်းမြေများကိုထပ်သိမ်းမည်ဟုရုရှားပူတင်ဆို

ကိဗ်နှင့် ဥရောပနိုင်ငံရေးသမားများသည် ငြိမ်းချမ်းရေးအတွက် အမေရိက၏ အဆိုပြုချက်များကို လိုက်ပါဆောင်ရွက်ခြင်းမရှိပါက ရုရှားသည် ယူကရိန်းမြေများကို ထပ်မံသိမ်းယူသွားမည...

ကိဗ်နှင့် ဥရောပနိုင်ငံရေးသမားများသည် ငြိမ်းချမ်းရေးအတွက် အမေရိက၏ အဆိုပြုချက်များကို လိုက်ပါဆောင်ရွက်ခြင်းမရှိပါက ရုရှားသည် ယူကရိန်းမြေများကို ထပ်မံသိမ်းယူသွားမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်သည်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆိုင်ရာ အဆိုပြုချက်များနှင့်ပတ်သက်၍ အမေရိကသည် ရုရှားနှင့် ဆွေးနွေးမှုများလုပ်ခဲ့သကဲ့သို့ ကိဗ်နှင့် ဥရောပခေါင်းဆောင်များနှင့်လည်း သီးခြားဆွေးနွေးမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့ပေ။ ကိဗ်နှင့် ၎င်း၏ ဥရောပမဟာမိတ်များအနေဖြင့် ယူကရိန်းနယ်မြေများကို လက်လွှတ်ရန် တောင်းဆိုချက်များအပေါ် စိုးရိမ်ပူပန်နေပြီး ယူကရိန်းက ပိုမိုခိုင်မာသော လုံခြုံရေးအာမခံချက်ရရန်လိုလားသည်။ ရုရှားသည် ရှေ့တန်းစစ်မြေပြင်အားလုံးတွင် အောင်မြင်မှုရနေပြီး အင်အားသုံး၍ဖြစ်စေ သံတမန်ရေးအရဖြစ်စေ ၎င်း၏ ရည်မှန်းချက်များ အောင်မြင်လိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနနှစ်ပတ်လည်အစည်းအဝေးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်။



news-view-count-icon

24