back

လက်မှုရွာ စီမံကိန်းကို မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတွေမှာ စတင်အကောင်အထည်ဖော်နေ

Dec 18 • 5:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လက်မှုရွာ စီမံကိန်းကို မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတွေမှာ စတင်အကောင်အထည်ဖော်နေ

လက်မှုရွာ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ယခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စတင်၍ ရှေ့ပြေးစီမံချက်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်...

လက်မှုရွာ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ယခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စတင်၍ ရှေ့ပြေးစီမံချက်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိနေတယ်လို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရပါတယ်။အဆိုပါ လက်မှုရွာ စီမံကိန်းကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လက်မှုရွာတည်ထောင်ခြင်း၊ လက်မှုလုပ်ငန်းမျိုးတူစုအလိုက် လက်မှုရွာများတည်ထောင်ခြင်းနှင့် လက်မှုရပ်ကွက်များ တည်ထောင်ခြင်းစသည့် နည်းစနစ်သုံးမျိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းမှာ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးအပါအဝင် လက်မှုလုပ်ငန်းများ  တိမ်ကောပပျောက်မှုမရှိစေရန်၊ ပြည်ပသို့ လက်မှုပို့ကုန်ကဏ္ဍ တိုးတက်မြင့်မားလာစေရန်နှင့် ရွာများ၏ လက်မှုလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်၍ ခရီးသွားပိုမို ဝင်ရောက်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ၎င်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။လက်ရှိမှာ လက်မှုရွာစီမံကိန်း ရှေ့ပြေးစီမံကိန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာရှိတဲ့ မြင်းကမ္ဘာကျေးရွာ၌ ရှိပြီးသား ယွန်းထည် လက်မှုလုပ်ငန်းတွေကို ၄ နှစ် လျာထား စီမံကိန်းအဖြစ် ဦးစီးဌာနရုံးချုပ်ရဲ့ ဘဏ္ဍာငွေဖြင့် စီမံကိန်းတန်ဖိုး ပထမတစ်နှစ်မှာ ငွေကျပ် ၃၉၅ သိန်း၊ ဒုတိယနှစ်နဲ့ တတိယနှစ်မှာ ငွေကျပ် သိန်း ၄၀၀၊ နောက်ဆုံးနှစ်မှာ သိန်း ၁၀၀ စသဖြင့် နှစ်အလိုက် သုံးစွဲ၍ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မအူကုန်းကျေးရွာ၌ ရှိပြီးသား ဝါး၊ ကြိမ် လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၃ နှစ်လျာထားစီမံကိန်းတန်ဖိုးအဖြစ် ပထမနှစ်မှာ ငွေကျပ် သိန်း ၃၀၀ နီးပါး၊ ဒုတိယနှစ်မှာ သိန်း ၉၀ နီးပါးနှင့် နောက်ဆုံးနှစ်မှာ သိန်း ၄၀ သုံးစွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။လက်မှုရွာစီမံကိန်းအတွက် စက်ပစ္စည်းတွေထားမယ့် အဆောက်အဦတွေလျာထားတာ၊ ထုပ်ပိုးမှုနဲ့ ဆိုင်တဲ့ စက်ပစ္စည်းတွေ ဝယ်ယူဖြည့်တင်းတာ၊ သင်တန်းတွေပို့ချပေးတာ ဒါတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်မှုရွာ စီမံကိန်းကို လာမယ့် ၂၀၂၆ -၂၇ ဘဏ္ဍာနှစ်အတွင်းမှာလည်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများမှာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

20