back

မြန်မာ ၁၉ ဦး တရားမဝင် ဝင်ရောက်မှုကြောင့် ကန်ချနဘူရီတွင် ဖမ်းဆီးခံလိုက်ရ

Dec 18 • 6:16 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာ ၁၉ ဦး တရားမဝင် ဝင်ရောက်မှုကြောင့် ကန်ချနဘူရီတွင် ဖမ်းဆီးခံလိုက်ရ

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီခရိုင်၊ မောင်းမြို့နယ်၊ဝမ်ယင်းကျေးရွာရှိ ကြံခင်းတစ်ခုအတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေ...

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီခရိုင်၊ မောင်းမြို့နယ်၊ဝမ်ယင်းကျေးရွာရှိ ကြံခင်းတစ်ခုအတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)ကယနေ့ထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၆) နံနက် ၅ နာရီခွဲခန့်တွင် ကန်ချနဘူရီမြို့နယ် လမ်းမကြီးအမှတ် (၃၂၃) ပေါ်၌ ဝန်ပိုတင်ဆောင်ထားသည့် သံသယဖြစ်ဖွယ် ကားတစ်စီးကို ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သည်။ကားသည် မောင်းပြေးသွားသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ လမ်းချော်ပြီး ကြံခင်းအတွင်းရှိ မြေစာပုံကို တိုက်မိကာ ရပ်တန့်သွားခဲ့စဉ်ဖမ်းဆီးခဲ့ကြောင်း CIB ကထုတ်ပြန်သည်။ ယာဉ်မောင်းဖြစ်သူမှာကြံခင်းထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားအတွင်း၌ မြန်မာနိုင်ငံသား ၁၉ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ရန်ကုန်နှင့် ရခိုင်ပြည်နယ် တို့မှ စာရွက်စာတမ်း အထောက်အထားမရှိပဲ လာရောက်ကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ကန်ချနဘူရီ ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း CIB ကထုတ်ပြန်သည်။

news-view-count-icon

16