တရုတ်နိုင်ငံတွင် ပြည်သူလူထုအကြား စာဖတ်ရှိန်မြှင့်တင်ရေး စည်းမျဉ်းအား ထုတ်ပြန်သည့် နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစည်းမျဉ်းမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၌ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါစည်းမျဉ်းသည် တရုတ်ပြည်သူများ၏ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ကျင့်တရား၊ သိပ္ပံနှင့် ယဉ်ကျေးမှုစံနှုန်းများကို မြှင့်တင်ရေးနှင့် လူမှုယဉ်ကျေးမှုကို မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ဆိုရှယ်လစ်ယဉ်ကျေးမှုအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုမည်ဖြစ်သည်။
Dec 18 • 4:02 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


