back

မကွေး၌ ခရမ်းချဥ်သီးအထွက်နှုန်းနည်းပြီး စျေးမြင့်တက်

Dec 18 • 4:01 AM

breaking-news

မြန်မာ

မကွေး

cover

မကွေး၌ ခရမ်းချဥ်သီးအထွက်နှုန်းနည်းပြီး စျေးမြင့်တက်

လက်ရှိ မကွေးတိုင်းဒေသကြီးအတွင်းမှာ ခရမ်းချဥ်သီးထွက်ရှိတဲ့အချိန်ကာလဖြစ်ပေမယ့် အခုနှစ်မှာစိုက်ပျိုးမှု နည်းပါးပြီး အထွက်နှုန်းလည်းနည်းပါးတာကြောင့် စျေးမြင့်တက်နေတ...

လက်ရှိ မကွေးတိုင်းဒေသကြီးအတွင်းမှာ ခရမ်းချဥ်သီးထွက်ရှိတဲ့အချိန်ကာလဖြစ်ပေမယ့် အခုနှစ်မှာစိုက်ပျိုးမှု နည်းပါးပြီး အထွက်နှုန်းလည်းနည်းပါးတာကြောင့် စျေးမြင့်တက်နေတာဖြစ်တယ်လို့ ကုန်စိမ်းရောင်းချသူတွေ ဆီကသိရပါတယ်။အရင်နှစ်တွေက ခရမ်းချဥ်သီးပေါ်ချိန်မှာ စျေးကွက်မရရှိခဲ့တာကြောင့် အခုနှစ်မှာ စိုက်ပျိုးမှုနည်းပါးလာတာဖြစ် တယ်လို့လည်းပြောပါတယ်။ လက်ရှိ ခရမ်းချဥ်သီးဈေးကွက်အခြေအနေတွေနဲ့ပတ်သက်လို့ မကွေးမြို့က ခရမ်းချဥ်သီးရောင်းချသူက အခုလိုပြောပါတယ်။အရင်က ခရမ်းချဥ်သီးတစ်ပိသာကို ငွေကျပ် ၃ထောင်ကျပ်ဝန်းကျင်လောက်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်ပိသာကို ကျပ် ၅,၅၀၀ ကနေ ၆,၀၀၀ ကျပ်ခန့်လောက်အထိစျေးမြင့်တက်လာတာပါ။လက်ရှိ ခရမ်းချဥ်သီးစျေးမြင့်တက်တာမျိုး အရင်နှစ်တွေက မကြုံတွေ့ခဲ့ဖူးဘူးလို့လည်း ကုန်စိမ်းရောင်းချသူ တွေကပြောဆိုနေကြပါတယ်။

news-view-count-icon

15