မလေးရှားနိုင်ငံ၊ ဂျုဟိုးပြည်နယ် ဒီဇင်ဘာလ ၁၆ရက်နေ့ဂျုဟိုးပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာနမှစက်ရုံအားဝင်ရောက်စစ်ဆေးရာတရားမဝင်နိုင်ငံခြားသား ၃၅၆ ဦးဖမ်းဆီးနိုင်ခဲ့သည်။ဖမ်းဆီးခံရသည့်နိုင်ငံခြားသား ၃၅၆ ဦးတွင်မြန်မာနိုင်ငံအမျိုးသား ၂၄၆ဦး၊မြန်မာအမျိုးသမီး ၅၃ ဦး၊ပါကစ္စတန်နိုင်ငံသား၃ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၆ ဦး၊နီပေါနိုင်ငံသား ၁ ဦး၊ အိန္ဒိယ နိုင်ငံသား ၂၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံအမျိုးသမီး ၃ ဦးပါဝင်သည်။ဖမ်းဆီးခံရသူများသည်တရားမဝင်ခရီးသွားစာရွက်စာတမ်းများနှင့်အလုပ်လုပ်ခွင့်လက်မှတ်များမပါဘဲအလုပ်လုပ်နေသည်ဟုဖော်ပြထားသည်။နိုင်ငံခြားသားများအားလူဝင်မူကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉၊၆၃ ဖြင့်ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက်လူဝင်မူကြီးကြပ်ရေးဌာနစတီယာထရိုပီကာတွင်ထိန်းသိမ်းထားကြောင့်ဖော်ပြထားသည်။



