back

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် လောင်စာဈေးနှုန်းများ အဆမတန် မြင့်တက်နေ

Dec 18 • 3:59 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် လောင်စာဈေးနှုန်းများ အဆမတန် မြင့်တက်နေ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ထင်းနှင့် မီးသွေးဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။လက်ရှိ စစ်တွေမြို့တွင် မီးသွေးတစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ ...

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ထင်းနှင့် မီးသွေးဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။လက်ရှိ စစ်တွေမြို့တွင် မီးသွေးတစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ အထိဈေးနှုန်းမြင့်တက်နေပြီး ထင်းတစ်ချောင်းကိုလည်း ငွေကျပ် ၁,၀၀၀ နီးပါး ပေးဝယ်နေရကြောင်း သိရသည်။မီးသွေးဈေးနှုန်း အဆမတန်မြင့်တက်နေသည့်အပြင် ထင်းချောင်းရေ ၄၀၀ ပါရှိသည့် တွန်းလှည်းတစ်စီးကို ငွေကျပ် ၅ သိန်း အထိဈေးနှုန်းရှိနေသဖြင့် ဆန်ရှိသော်လည်း လောင်စာမရှိသည့် အခြေအနေနှင့်ကြုံနေရကြောင်း မြို့ခံများကပြောသည်။ထို့ကြောင့် မြို့တွင်းမြိုပြင်ရှိ လူမနေသည့်နေအိမ်များကိုဖြိုဖျက်ကာ ထင်းအဖြစ်သုံးစွဲရောင်းချမှုကိုလည်း ယခင်ထက် ပိုမိုလုပ်ဆောင်နေကြကြောင်းသိရသည်။

news-view-count-icon

15