ထိုင်းစစ်တပ်က ကမ္ဘောဒီးယား ပိုင်နက်နယ်မြေအပေါ် အဆက်မပြတ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၁၇ ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစ၍ ထိုင်းစစ်တပ်သည် တင့်ကားစက်သေနတ်၊ ဒရုန်း၊ အမြောက်နှင့် F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ၊ Banteay Meanchey နှင့် Pursat ပြည်နယ်များရှိ ပစ်မှတ်များစွာကို တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၇ ရက်အထိ ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ကမ္ဘောဒီးယား အရပ်သားပြည်သူပေါင်း ၁၇ ဦး ရှိလာပြီဖြစ်ကာ ဒဏ်ရာရသူဦးရေသည် ၇၇ ဦးအထိ မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းစစ်တပ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားပြည်သူ ၁၇ ဦး ထပ်မံ သေဆုံးကာ ၇၇ ဦး ဒဏ်ရာရ
Dec 18 • 4:02 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


