back

ရှမ်းပြည်နယ်၊ဖယ်ခုံ - ပင်လောင်းနယ်စပ်ရှိ ဒေသခံ ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲနေ

Dec 18 • 2:02 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ဖယ်ခုံ - ပင်လောင်းနယ်စပ်ရှိ ဒေသခံ ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲနေ

ရှမ်းပြည်နယ်၊ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပဋိပက္ခများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် နေရပ်စွန့်ခွာ ဒုက္ခသည် ၆၀...

ရှမ်းပြည်နယ်၊ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပဋိပက္ခများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် နေရပ်စွန့်ခွာ ဒုက္ခသည် ၆၀၀ကျော် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ သောက်သုံးရေ ရရှိရန် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် အနွေးထည်နှင့် စောင်များလည်း ဆက်လက်လိုအပ်နေကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။"အနွေးထည်လေးတွေ သုံးပြီးသား ရရင်တောင် အဆင်ပြေတယ်၊ အခု ဒီဘက်ကလည်း တော်တော်အေးတယ်။ သောက်သုံးရေတွေ အတွက်ကလည်း စပြီး ရှားလာတယ်။ ကားတွေနဲ့ သွားသယ်ရတော့ ဆီဖိုးကလည်း အဆင်မပြေကြပြန်ဘူး”ဟု ပြောပါသည်။

news-view-count-icon

13