အာဆင်နယ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဟာ ယနေ့ ပြုလုပ်မယ့် BBC Sports Personality of the Year ဆုပေးပွဲမှာ Lifetime Achievement ဆုကို လက်ခံရယူမယ်လို့ သိရပါတယ်။ဒီဆုကို BBC Sports Personality of the Year ဆုပေးပွဲမှာ ၁၉၉၆ ခုနှစ်ကတည်းက စတင်ထည့်သွင်းချီးမြှင့်ခဲ့တာဖြစ်ပြီး အွန်နရီမတိုင်ခင် (၂၃)ဦး ရရှိထားပြီးပါပြီ။အားကစားနည်း(၁၁)မျိုးက ကစားသမားဟောင်းနဲ့ နည်းပြဟောင်းတွေကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ဘောလုံးလောကတော့ (၇)ဦးရရှိပြီး အများဆုံးဖြစ်နေကြောင်း သိရပါတယ်။အွန်နရီဟာ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာကြောင့် အခုလို Lifetime Achievement ဆု ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
Dec 18 • 2:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


