back

ပတ်စပို့ရှိပေမယ့် ဗီဇာ မပါသည့် မြန်မာ ၄ ဦး ဘန်ကောက်သွားမယ့် ဘက်စ်ကားပေါ်မှာ ဖမ်းဆီးခံရ

Dec 18 • 1:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပတ်စပို့ရှိပေမယ့် ဗီဇာ မပါသည့် မြန်မာ ၄ ဦး ဘန်ကောက်သွားမယ့် ဘက်စ်ကားပေါ်မှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်စပ်ကနေ တရားမဝင် ခိုးဝင်လာပြီး ဘန်ကောက်ကို အလုပ်ရှာဖို့ ခရီးသည်တင် ဘက်စ်ကားနဲ့ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို အယုဒ္ဓယမြို့အနီး အာ...

ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်စပ်ကနေ တရားမဝင် ခိုးဝင်လာပြီး ဘန်ကောက်ကို အလုပ်ရှာဖို့ ခရီးသည်တင် ဘက်စ်ကားနဲ့ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို အယုဒ္ဓယမြို့အနီး အာရှလမ်းမကြီးပေါ်မှာ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး အာရှလမ်းမကြီးပေါ်က မသင်္ကာစရာ ခရီးသည်တင် ဘတ်စ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာကနေ အခုလို ဖမ်းမိခဲ့တာပါ။ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၃၃ နှစ်ကြားရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ သူတို့ ၄ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့ အယုဒ္ဓယမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

14