ကချင်ပြည်နယ်၊ တနိုင်းမြို့၏အနီး၊ မြေအောက်အနက် ၃၅ ကီလိုမီတာကိုဗဟိုပြု၍ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၇:၀၄ မိနစ်အချိန်ခန့်တွင် ရစ်ခ်တာစကေး ၄.၂ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။



