ဈေးကွက်အတွင်းကြက်သွန်ဖြူဈေးနှုန်းများကောင်းမွန်မှုမရှိခြင်းကြောင့် စိုက်ပျိုးသူနည်းပါးသွားခဲ့ကြောင်း တောင်သူများကပြောသည်။ကြက်သွန်ဖြူဈေးနှုန်းများမှာပြီးခဲ့သည့် အောက်တိုဘာနှင့်နိုဝင်ဘာလများကစတင်ကာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ကြက်သွန်ဖြူဈေးနှုန်းများမှာ ယခင်နှစ်များကထက် ဈေးနှုန်းထက်ဝက်နီးပါးကျဆင်းခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် မန္တလေးဈေးကွက်အတွင်းကြက်သွန်ဖြူဈေးနှုန်းများမှာ တစ်ပိဿာလျှင်ငွေကျပ် ၂၅၀၀ ဝန်းကျင်သာရှိနေကြောင်းသိရသည်။



