ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း သုံးလမ်းစုံအနီးတွင် ဒီဇင်ဘာလ (၁၆)ရက် ညနေပိုင်းအချိန် တွဲကားချင်း ကျော်တက်မောင်းနှင်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ယခုတလော အနောက်မြို့ပတ်လမ်းတွင် တွဲကားမောင်းသူတချို့ စည်းကမ်းမဲ့ အရှိန်မြင့်စွာ မောင်းနှင်နေကြောင်း သိရပြီး၊ ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေရှိခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတစ်ဝန်းလုံးတွင် ယာဉ်မတော်တဆမှုများနှင့် အရှိန်မထိန်းဘဲ မောင်းနှင်မှုများကြောင့် လမ်းပေါ် အန္တရာယ်အခြေအနေများ မကြာခဏ ဖြစ်ပွားနေကြောင်းသိရပါသည်။



