back

ဟာသသရုပ်ဆောင်ညောင်ညောင်ကွယ်လွန်

Dec 17 • 2:04 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဟာသသရုပ်ဆောင်ညောင်ညောင်ကွယ်လွန်

ယနေ့(၁၇.၁၂.၂၀၂၅)ရက်နေ့တွင်​ ရုပ်ရှင်ဗီဒီယိုဇာတ်ကားများစွာမှာသရုပ်ဆောင်ခဲ့သလို အငြိမ်ခွင်တွေမှာပါထူးခြားပြောင်မြောက်တဲ့ပြက်လုံးများစွာနဲ့ပရိသတ်တွေကိုရယ်မောပျော်ရ...

ယနေ့(၁၇.၁၂.၂၀၂၅)ရက်နေ့တွင်​ ရုပ်ရှင်ဗီဒီယိုဇာတ်ကားများစွာမှာသရုပ်ဆောင်ခဲ့သလို အငြိမ်ခွင်တွေမှာပါထူးခြားပြောင်မြောက်တဲ့ပြက်လုံးများစွာနဲ့ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေခဲ့သူဝါရင့်ဟာသသရုပ်ဆောင်ညောင်ညောင် (၆၂ နှစ်) ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ညနေ (၇:၁၀) မိနစ်မှာ ရန်ကုန် ၊ မြောက်ဥက္ကလာပ OSC ဆေးရုံတွင်အသည်းရောဂါကို ကုသပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတဲ့ အချိန်မှာ ဆုံးပါးခဲ့တာ ဖြစ်ပါသည်။ညောင်ညောင်ကွယ်လွန်သွားလို့စိတ်မကောင်းဖြစ်ရတဲ့တဲ့အကြောင်း နှစ်ပေါင်းများစွာအနုပညာအလုပ်တွေကိုလက်တွဲလုပ်ခဲ့တဲ့သရုပ်ဆောင်လွင်မိုးကလည်းလွန်ခဲ့တဲ့နာရီဝက်အချိန်လောက်သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာကိုတွေ့ရသလို အနုပညာလောကသားတွေကလည်းလူမှုကွန်ရက်စာမျက်နှာတွေဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်းအသီးသီးတင်ထားကြတယ်လို့ သိရပါသည်။





news-view-count-icon

18