G.B.S လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများပိုင်ကုမ္ပဏီက စာရင်းဝင်အကြိုဈေးကွက် (PLB) မှာ ရှယ်ယာတစ်စုကို ၁၂,၅၀၀ ကျပ်နှုန်းနဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ စတင်ရောင်းချခဲ့ကြောင်း ရန်ကုန်စတော့အိတ်(စ)ချိန်း(YSX) ကနေ သိရပါတယ်။ရှယ်ယာတစ်စုရဲ့ အမြင့်ဆုံးဈေးနှုန်းအဖြစ် ၁၂,၅၀၀ ကျပ်နဲ့ အနိမ့်ဆုံးဈေးနှုန်းအဖြစ် ၇,၅၀၀ ကျပ် သတ်မှတ်ထားပြီး တစ်ချက်ခုန်ဈေးနှုန်း ၅၀၀ ကျပ်ဖြစ်တယ်လို့ ဆိုပါတယ်။G.B.S အများပိုင်အနေနဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အရောင်းအဝယ် စတင်ပြုလုပ်တဲ့ရက်မှာ ငွေကျပ် ၁၀ သန်းဖိုး တန်ကြေးရှိတဲ့ အစုရှယ်ယာ ၈၀၀ စု အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှစပြီး PLB အညွှန်းကိန်း တွက်ချက်မှုဖော်မြူလာမှာ ထည်သွင်းပါဝင်မှာဖြစ်လို့ အခြေခံဈေးကွက်တန်ဖိုးကို ကျပ် ၅၈.၀၆၂ ဘီလီယံ အသုံးပြုမယ်လို့ သိရပါတယ်။G.B.S PCL အနေနဲ့ အကျိုးတူ စိုက်ပျိုးလုပ်ကိုင်စနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို စနစ်တကျ တိုးချဲ့လုပ်ကိုင်ခြင်း၊ ဆန်နဲ့ ပဲအမျိုးမျိုးတို့ကို ဝယ်ယူရောင်းချခြင်း၊ Kubota နဲ့ စက်ယန္တရားတွေကို ဖြန့်ဖြူးရောင်းချ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။



