back

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေ

Dec 17 • 1:15 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြော...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။မန္တလေးမြို့တွင် နှစ်သစ်ကူးကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုအား မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်များ၊ နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ မီးရှူးမီးပန်းများ ပ-စ်ဖေ-ာက်ခြင်းတို့ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်းနှင့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအသိတိုဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း သိရပါသည်။




news-view-count-icon

10