ယနေ့ ဒီဇင်ဘာ၁၇ရက် နေ့လည် ၂ နာရီဝန်းကျင်ကမန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ၂၇ လမ်း ၆၅-၆၆ လမ်းကြားရှိ CROCO မီနီမားကတ် ဆိုင်တွင်သေနတ်ပြပြီး လုယက်နေသူတစ်ဦးကို လှည့်ကင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။CROCO မီနီမားကတ်ဆိုင်အတွင်း အသက်၂၀အရွယ် အောင်ဇင်ဦးက သေနတ်ကိုင်ဆောင်ပြီး ဆိုင်အတွင်းရှိ ငွေ(စီစစ်ဆဲ) လုယက်နေစဉ် လုံခြုံရေးအဖွဲ့တွေက ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ပုသိမ်ကြီးမြို့နယ် နေသူ အောင်ဇင်ဦး လက်ထဲမှ 6MM JKX-313 ပစ်စတို ကော်သေနတ်အတု ၁ လက်ကိုတွေ့ရှိ သိမ်းဆည်းရရှိမိခဲ့ပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။



