back

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တမံတွေကို စစ်ကိုင်းငလျင်ဒဏ်ထက်ပိုခံနိုင်အောင်လုပ်မယ်လို့ဆို

Dec 17 • 1:12 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တမံတွေကို စစ်ကိုင်းငလျင်ဒဏ်ထက်ပိုခံနိုင်အောင်လုပ်မယ်လို့ဆို

မနေ့က ဒီဇင်ဘာ(၁၆)ရက်နေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ တွေ့ဆုံမှုမှာ ဒီလိုရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး ယခင်ဒီဇိုင်းမှာ ငလျင်ပြင်းအား (၇.၁)မဂ္ဂနီကျူ့အတွက်သာ...

မနေ့က ဒီဇင်ဘာ(၁၆)ရက်နေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ တွေ့ဆုံမှုမှာ ဒီလိုရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး ယခင်ဒီဇိုင်းမှာ ငလျင်ပြင်းအား (၇.၁)မဂ္ဂနီကျူ့အတွက်သာ ခံနိုင်ရည်အားတွက်ချက်ထားသော်လည်း ယခုစစ်ကိုင်းငလျင်ကြောင့်ပြောင်းလဲတိုးမြင့်မည်ဖြစ်ကြောင်း ဆိုပါတယ်။ရပ်ဆိုင်းထားတဲ့မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်တည်ဆောက်ခြင်းမပြုဖို့ ဒေသခံများဘက်က ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် ယခုနှစ်ပိုင်းမှာ တရုတ်အစိုးရရဲ့ဖိအားပေးမှုတွေနဲ့အတူ ပြန်လည်တည်ဆောက်ခြင်းများစတင်နေပြီလည်း ဖြစ်ပါတယ်။ဒါ့အပြင် ယခင်သတ်မှတ်ထားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်နိုင်မှုပမာဏ (၆၀၀၀)မဂ္ဂါဝပ်ကနေ ယခု (၅၆၀၀)ဝပ်ကို လျှော့ချထားတာကိုလည်း တွေ့ရပါတယ်။ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (SPIC)နဲ့ မြန်မာအစိုးအရ ၊ Asia  World ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပြီး တရုတ်ဘက်က (၈၀)ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း ISP Myanmar ရဲ့စာရင်းအရသိရပါတယ်။




news-view-count-icon

14