back

ထိုင်းနိုင်ငံတွင် ဖုန်မှုန့်များကြောင့် နှစ်စဉ်သန်းနဲ့ချီ ဖျားနာ

Dec 17 • 12:54 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ဖုန်မှုန့်များကြောင့် နှစ်စဉ်သန်းနဲ့ချီ ဖျားနာ

လက်ရှိ ထိုင်းနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ PM2.5 ဖုန်မှုန့် ပြဿနာဟာ အခြေခံ လူတန်းစား အလုပ်သမားတွေ အတွက်တော့ ကျန်းမာရေးတင်မက စီးပွားရေးပါ ထိခိုက်လာစေနေတယ်လို...

လက်ရှိ ထိုင်းနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ PM2.5 ဖုန်မှုန့် ပြဿနာဟာ အခြေခံ လူတန်းစား အလုပ်သမားတွေ အတွက်တော့ ကျန်းမာရေးတင်မက စီးပွားရေးပါ ထိခိုက်လာစေနေတယ်လို့ ထိုင်းပြည်တွင်းသတင်းဌာအချို့က အစီရင်ခံပါတယ်။ သူတို့ဟာ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ နှာခေါင်းစည်းဖိုးတွေကို ကိုယ်ပိုင်ဝင်ငွေထဲက စိုက်ထုတ်သုံးစွဲနေရလို့ စီးပွားရေးအရပါ ထိခိုက်နေကြရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ဒေတာတွေအရ နှစ်စဉ် လူပေါင်း ၁၀ သန်းကျော် ဟာ ဒီဖုန်မှုန့်တွေကြောင့် ဖျားနာနေရပါတယ်။ အဓိက ဖြစ်တာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြား ယားယံခြင်း၊ မျက်စိ စပ်ခြင်း/နာခြင်း တွေပဲ ဖြစ်ပါသည်။




news-view-count-icon

8