၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ မနက်ဖြန် (ဒီဇင်ဘာ ၁၈) မှာ ဆီမီးဖိုင်နယ်အဖြစ် ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဆီးဂိမ်းစ် အမျိုးသမီးပိုက်ကျော်ခြင်း လေးယောက်တွဲအသင်းလိုက်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (B) မှာ အိမ်ရှင်ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားအသင်းတွေနဲ့အတူ ကျရောက်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ မနေ့က (ဒီဇင်ဘာ ၁၆) အုပ်စုပထမပွဲအဖြစ် အိမ်ရှင်ထိုင်းအသင်းနဲ့ ယှဥ်ပြိုင်ရာမှာ (၁၅-၇၊ ၉-၁၅ ၁၂-၁၅) မှတ် (၁-၂) ပွဲရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဗီယက်နမ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ အမျိုးသမီးလေးယောက်တွဲ Event မှာ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ် ဗိုလ်စွဲထားတဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပါတယ်။



