back

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲ ၁၁ ရက်ကြာချိန်တွင် နှစ်ဖက်သေဆုံးသူ ၅၂ ဦးထိ ရှိလာ

Dec 17 • 12:51 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲ ၁၁ ရက်ကြာချိန်တွင် နှစ်ဖက်သေဆုံးသူ ၅၂ ဦးထိ ရှိလာ

အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်း ပွားမှုတွေကနေ ဒီဇင်ဘာလ ၇ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက...

အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်း ပွားမှုတွေကနေ ဒီဇင်ဘာလ ၇ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေက ၁၁ ရက်ကြာလာချိန်မှာတော့ နှစ်ဖက်သေဆုံးသူ အနည်းဆုံး ၅၂ ဦးအထိ ရှိလာပြီလို့ သတင်းတွေအရ သိရပါတယ်။ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းစစ်တပ်က နယ်စပ်ဒေသမှာ ဒီဇင်ဘာလ ၁၇ ရက်က အမြောက်တိုက်ခိုက်မှုတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Khmer Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက ထိုင်းတပ်စခန်းတွေကို BM-21 ဒုံးကျည်တွေနဲ့ ပစ်ခတ် တုံ့ပြန်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။





news-view-count-icon

9