back

ဒေလီတွင် လေထုညစ်ညမ်းမှု ပိုဆိုးလာပြီး စာသင်ကျောင်းများ အွန်လိုင်းစနစ်ပြောင်း

Dec 17 • 12:51 PM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ဒေလီတွင် လေထုညစ်ညမ်းမှု ပိုဆိုးလာပြီး စာသင်ကျောင်းများ အွန်လိုင်းစနစ်ပြောင်း

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေသည် ဖြစ်ရာ မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ ကျောင်းများမှာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ...

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေသည် ဖြစ်ရာ မြို့တော်နှင့် အနီးတစ်ဝိုက်ရှိ ကျောင်းများမှာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း ပိတ်ပင်ထားရန် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၅ ရက်တွင် အမိန့်ထုတ်ထားသည်။ ဒီဇင်ဘာ ၁၅ ရက်တွင် အဆိပ်သင့်မြူခိုးများသည် မြို့တော်ဒေလီကို ဖုံးလွှမ်းခဲ့ရာ မြင်နိုင်စွမ်းကျဆင်းခဲ့ရပြီး လေယာဉ်ခရီးစဉ်နှင့် ရထားခရီးစဉ်များ နှောင့်နှေးခဲ့ရသည်။ အဆုတ်ကို ထိခိုက်စေနိုင်သည့် အမှုန်အမွှားများ ဒေလီ လေထုလွှာအတွင်း စုစည်းမှုနှုန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထား သော ကန့်သတ်ချက်ထက် အဆ ၃၀ ကျော် မြင့်တက်နေသည်။





news-view-count-icon

1