back

စစ်ကိုင်းတွင် နေအိမ်ခြံဝင်းအတွင်းမှ ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Dec 17 • 2:47 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတွင် နေအိမ်ခြံဝင်းအတွင်းမှ ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့၊ရွာထောင်(မီးရထား) ရပ်ကွက်၊ဈေးလမ်းတွင် နေထိုင်သော စိုးလွင်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်စစ်ဆေးရာ နေအိမ်အတွင်းမှ စိုးလွင် နှင့် မခင်ဆွေမြင့်တို့ နှင့...

စစ်ကိုင်းမြို့၊ရွာထောင်(မီးရထား) ရပ်ကွက်၊ဈေးလမ်းတွင် နေထိုင်သော စိုးလွင်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်စစ်ဆေးရာ နေအိမ်အတွင်းမှ စိုးလွင် နှင့် မခင်ဆွေမြင့်တို့ နှင့်အတူ ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုကို ဒီဇင်ဘာ ၆ ရက်နေ့ ကဖမ်းဆီးရမိခဲ့ပြီး တဆက်တည်း နေအိမ်ခြံဝင်းအတွင်း ဆက်လက်ရှာဖွေရာ ရပ်ထားသည့် HyunDai Porter II ယာဉ် နှင့်အတူ မိုးမင်းစုံ နှင့် မျိုးသူရ နှစ်ဦးကို ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းကိုလည်းကောင်း၊ နောက်ထပ် Townace Light Truck ယာဉ် နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော် တို့ နှစ်ဦးကို ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ဒသမ ၀၅ သိန်းကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသည့် စုစုပေါင်း ဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို( ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလီယံ ) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သိန်း (ဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီ လီယံ) တို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထိုဖမ်းဆီးရမိသူ အားလုံးကို သက်ဆိုင်ရာတာဝန်ရှိသူများမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်များဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။





news-view-count-icon

12