back

မူးယစ်ဆေးဝါးတင် ရေယာဉ်အဖြစ် ယူဆရသော ရေယာဉ်သုံးစင်းကိုအမေရိကန်စစ်ဘက်တိုက်ခိုက်

Dec 17 • 4:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

မူးယစ်ဆေးဝါးတင် ရေယာဉ်အဖြစ် ယူဆရသော ရေယာဉ်သုံးစင်းကိုအမေရိကန်စစ်ဘက်တိုက်ခိုက်

ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း နိုင်ငံတကာ ရေပြင်များအတွင်း မူးယစ်ဆေးဝါးတင် ရေယာဉ်များအဖြစ် ယူဆရသော ရေယာဉ်သုံးစင်းကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အမျိုးသားရှစ်ဦး ...

ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း နိုင်ငံတကာ ရေပြင်များအတွင်း မူးယစ်ဆေးဝါးတင် ရေယာဉ်များအဖြစ် ယူဆရသော ရေယာဉ်သုံးစင်းကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အမျိုးသားရှစ်ဦး သေဆုံး ခဲ့ကြောင်း အမေရိကန်စစ်ဘက်က ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ထောက်လှမ်းရေးသတင်းများအရ မိမိတို့ တိုက်ခိုက်ခဲ့သော ရေယာဉ်များကို အရှေ့ပစိဖိတ် ရေပြင် မူးယစ်မှောင်ခိုလမ်းကြောင်းများအား အသုံး ပြုနေသော မူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွင် ပါဝင် နေသည့် ရေယာဉ်များအဖြစ် အတည်ပြုနိုင်ကြောင်း အမေရိကန်စစ်ဘက် တောင်ပိုင်းစစ်ဒေသ စစ်ဌာန ချုပ်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အမေရိကန်အစိုးရသည် ဒေသတွင်းမူးယစ် မှောင်ခိုပြဿနာများ ဖြေရှင်းရေးအတွက် စစ်ရေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်လျက်ရှိရာ ပစိဖိတ်သမုဒ္ဒ ရာနှင့် ဗင်နီဇွဲလားနိုင်ငံအနီး ကာရစ်ဘီယံ ပင်လယ် ရေပြင်အတွင်း မူးယစ်ဆေးဝါးတင် ရေယာဉ်များ အဖြစ် ယူဆရသည့် ရေယာဉ်အစင်း ၂၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။အထက်ပါ တိုက်ခိုက်မှုများအတွင်း မူးယစ် ဆေးဝါး မှောင်ခိုသယ်ယူသူများအဖြစ် ယူဆရသူ အနည်းဆုံး ၉၀ သေဆုံးခဲ့ရကြောင်း အမေရိကန် စစ်ဘက်၏ အဆိုအရ သိရသည်။အမေရိကန်ပြည်ထောင်စုသည် ရှေးယခင် က မူးယစ်မှောင်ခိုလုပ်ငန်းကို ထိန်းချုပ်ရာတွင် ကမ်းခြေစောင့်တပ်နှင့် အခြားတရားဥပဒေ စိုးမိုး ရေးအဖွဲ့အစည်းများကို အသုံးပြုခဲ့သော်လည်း သမ္မတဒေါ်နယ်ထရန့် ဦးဆောင်သည့် လက်ရှိ အမေရိကန်အစိုးရကမူ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် အမေရိကန်လက်နက်ကိုင်တပ်များ ကိုပါ အသုံးပြုလျက်ရှိသည်။


news-view-count-icon

20