back

ပြည်တွင်း၌ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

Dec 17 • 4:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ပြည်တွင်း၌ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တ...

ပြည်တွင်း၌ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင်ကြောင်းသိရသည်။



news-view-count-icon

27