ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့လို အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေ များများစားခြင်းဖြင့် ဦးနှောက်အသိဉာဏ် ကျဆင်းခြင်း၊ ဒီမန်ရှာရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်တယ်လို့ Neurology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေက ဦးနှောက်အိုမင်းခြင်းနဲ့ အာရုံကြောချို့တဲ့ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပုံတွေကို လေ့လာထားတာ ဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ အသားကြီး အစားအများဆုံး စမ်းသပ်ခံအဖွဲ့က အနည်းဆုံးစားသူတွေထက်စာရင် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများတာ တွေ့ရပါတယ်။ နေ့စဉ်တစ်နပ်စာ ပိုမိုစားသုံးသူတွေမှာ ဦးနှောက်အိုမင်းခြင်းနဲ့ ဦးနှောက်အသိဉာဏ် ကျဆင်းခြင်းက ၁.၆ နှစ်လောက် စောပြီးအိုမင်းတယ်လို့ တွေ့ရှိလာပါတယ်။



