back

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆) မျိုးကို လိုင်စင်လျှောက်ပြီးမှ လုပ်ကိုင်ရန်အသိပေး

Dec 17 • 4:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆) မျိုးကို လိုင်စင်လျှောက်ပြီးမှ လုပ်ကိုင်ရန်အသိပေး

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြဋ္ဌာန်းခဲ့သော ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်သော ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင...

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြဋ္ဌာန်းခဲ့သော ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်သော ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအရ ယခင် ရုပ်ရှင်လုပ်ငန်းအမျိုးအစား (၈) မျိုးအပြင် နောက်ထပ် လုပ်ငန်းအမျိုးအစား (၆) မျိုးကိုပါ လိုင်စင်လျှောက်ထားပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။ ယင်းလုပ်ငန်းအမျိုးအစားများတွင် ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင်စတူဒီယို တည်ထောင်ခြင်း၊ အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်ခြင်းနှင့် အွန်လိုင်းပလက်ဖောင်းများ အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း စသည်တို့ ပါဝင်သည်။ သက်ဆိုင်ရာလုပ်ငန်းရှင်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် ပြန်ကြားရေးဦးစီးဌာနများသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

14