ပြီးခဲ့တဲ့ သီတင်းပတ်က အီရန် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမန်ဒီ ဖမ်းဆီးခံရချိန် ရိုက်နှက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ထားရကြောင်း သူ့ရဲ့မိသားစုက ပြောပါတယ်။အရပ်ဝတ် အေးဂျင့်တွေက နံပါတ်တုတ်တွေနဲ့ ဦးခေါင်းနဲ့ လည်ပင်းကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့် အရေးပေါ်ဌာနကို နှစ်ကြိမ်တိုင် တက်ရောက်ခဲ့ရတယ်လို့ အသက် ၅၃ နှစ်အရွယ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မိုဟာမန်ဒီက သူ့မိသားစုဆီကို ဒီဇင်ဘာ ၁၅ ရက်က ဖုန်းနဲ့ ပြောကြားခဲ့ကြောင်း နာဂတ်စ် ဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။အီရန် အာဏာပိုင်တွေကတော့ အဲဒီ ပြောဆိုမှုနဲ့ပတ်သက်လို့ မှတ်ချက် မပေးသေးပေမယ့် ဒီဇင်ဘာ ၁၂ ရက်က မတ်ရှ်ဟတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနား တစ်ခု အတွင်း ရန်လိုတဲ့ ပြောဆိုမှုတွေကြောင့် သူ့ကို ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ပြောထားပါတယ်။သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေထဲမှာ နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီနဲ့ ဆုတံဆိပ်ရှင် ရုပ်ရှင်ဖန်တီးသူ ဂျာဖာ ပါနာဟီတို့လည်း ပါဝင်ပါတယ်။
| 19 | 0 | 0 | 0 |


