လာအိုနိုင်ငံရှိ ဗီယန်ကျန်း-ဗန်ဗီယန်း အမြန်လမ်းမကြီး၏ ပထမဆုံး ၁၀ ကီလိုမီတာ အပိုင်းအား လမ်းဖွင့်လှစ်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မီနီမာရသွန်ပွဲတော် ကျင်းပပြုလုပ်မည်ဖြစ်၍ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီမှ ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီအထိ ယာယီပိတ်သိမ်းသွားမည်ဖြစ်သည်။ ဗီယန်ကျန်းမြို့တော်ဘူတာနှင့် နာခွန်စခန်းကြား နာဆေထောင်ခရိုင်အတွင်းရှိ ဤလမ်းပိုင်းကို ပိတ်ထားချိန်အတွင်း ဗန်ဗီယန်းဘက်သို့ သွားလာမည့် ယာဉ်မောင်းများအနေဖြင့် နာခွန်စခန်းမှသာ အမြန်လမ်းသို့ ဝင်/ထွက်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Dec 17 • 4:24 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


