ရေခဲခေတ်တုန်းက ဆက်လက်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ ဝါးလုံးတစ်ခုကို အိန္ဒိယသိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကာ အခြားဝါးတွေကတော့ အအေးဒဏ်ကို မခံနိုင်ဘဲ ပျက်စီးခဲ့ရပါတယ်။ မဏိပူရ အင်ဖယ်တောင်ကြားရှိ ချီရန်မြစ်ထဲမှာ အချွန်အမှတ်အသားတွေ ရှိနေတဲ့ ဝါးလုံးကို BSIP တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။ နှစ်ပေါင်း ၃၇,၀၀၀ သက်တမ်းရှိတဲ့ ဝါးလုံးဟာ အာရှမှာတွေ့ရတဲ့ အစောဆုံး ဆူးချွန်ပါဝါးလုံးဖြစ်ပြီး ပြောင်းလဲသွားခဲ့ဟန် ရှိပါတယ်။ ဝါးလုံးအခေါင်းတွေနဲ့ အမျှင်တစ်ရှူးတွေက အလွန်လျင်မြန်စွာ ဆွေးမြည့်သွားတာကြောင့် ဝါးလုံးရုပ်ကြွင်းကို တွေ့ရဖို့ဆိုတာ ရှားပါးပါတယ်။ ဒါပေမဲ့ သုတေသီတွေက ဒဏ်ရာခြစ်ရာတွေပြည့်နေတဲ့ အဆိုပါဝါးလုံးကို ကွင်းဆင်းစစ်တမ်းပြုလုပ်ရာမှာ တစ်ခုခုထူးဆန်းရှားပါးတာကို သိခဲ့ကြပါတယ်။



