လီဗာပူးလ်၊ လက်စတာနှင့် ဆဲလ်တစ်အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ မြောက်အိုင်ယာလန်နိုင်ငံသား ဘရန်ဒန် ရော်ဂျာစ် (၅၂ နှစ်) သည် ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာ အသင်း၏ နည်းပြချုပ်အဖြစ် ၂ နှစ်ခွဲ သက်တမ်းရှိ စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ အာရှ၏ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာရန် ရည်မှန်းထားသော အယ်လ်ကတ်ဆီယာအသင်းသည် ရော်ဂျာစ်၏ နည်းပြဒဿနနှင့် မဟာဗျူဟာများ ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့ပြီး၊ ရာသီသစ် ဆော်ဒီလိဂ်ပြိုင်ပွဲတွင် လက်ရှိ အဆင့် ၅ နေရာ၌ ရပ်တည်နေသည့် ၎င်းတို့အသင်းအား ရော်ဂျာစ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
Dec 17 • 4:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


