back

နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment များဖြင့် ပေးဆောင်နိုင်ပြီ

Dec 17 • 4:11 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် စည်ပင်အခွန်အခများကို Digital Payment များဖြင့် ပေးဆောင်နိုင်ပြီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦး စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ထိုသို့ပေးဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာတစ်ရပ်ချမှတ်ကာ မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ တိုးတက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Digital Payment ငွေပေးချေမှုစနစ်သည် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝတွင် ငွေပေးချေမှုများကို လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချရန်၊ ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ mobile သုံးစွဲမှုများ တိုးတက်လာသည်နှင့်အမျှ အခြေခံလူတန်းစားများအထိ ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

14