back

ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲမည်

Dec 17 • 4:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲမည်

လာမည့် ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိ...

လာမည့် ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။တိုးချဲ့ပြေးဆွဲပေးမည့်ရထားများမှာလည်း ခေတ်မီလေအေးပေးစက်ပါ DEMU (စပိန်) တွဲဆိုင်းသစ်များဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် DEMU ရထားများအတိုင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ငါးရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍လည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင် အထက်တန်းလက်မှတ်အား သုံးရက်နှင့် ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။




news-view-count-icon

20