သင်္ကန်းခြုံပြီးကြာနီကန် ဆရာတော်ရဲ့တရားနဲ့ ကိုးရီးယားသီချင်း အိုပါးဂန်နမ်စတိုင်အကနဲ့ရောနှောကပြခဲ့တဲ့ "အောင်စိုးမင်း"ဆိုင်းအဖွဲ့ကို သဘင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံအရ ဆိုင်းအဖွဲ့တည်ထောင်ခွင့်ကို ရုပ်သိမ်းအရေးယူလိုက်တယ်လို့ သိရပါတယ်။ဆိုင်းဆရာ စိုးသိန်း (ခ) အောင်စိုးမင်း ၊ လူရွှင်တော် စိုးမင်းဦး ၊ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက် နဲ့ နန်းဝတီတို့ကို သဘင်အစည်းအရုံးဝင်ကတ်များပယ်ဖျက်ပြီး (၂၀၂၅-၂၀၂၆)တစ်ရာသီစာပွဲ ဆိုင်းတီးကပြခွင့် မပြုဘဲ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိနေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိမြို့နယ် ၊ဇလောင်းကျေးရွာတွင် "အောင်စိုးမင်း" ဂီတပဒေသာဆိုင်းအဖွဲ့မှ တီးမှုတ် ဖျော်ဖြေခဲ့ရာ ဒီဇင်ဘာလ ၆ ရက်နေ့ည ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။အဲဒီလိုကပြဖျော်ဖြေခဲ့တဲ့ ဆိုင်းအဖွဲ့မှ ဆိုင်းဆရာအပါအဝင် အမျိုးသား ၄ ဦး အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ၂၉၄/ ၂၉၅-က နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်နေသလို သဘင် အစည်းအရုံးကလည်း အရေးယူတယ်လို့ သိရပါတယ်။
သင်္ကန်းခြုံပြီး ကိုးရီးယားအိုပါးဂန်နမ်အကနဲ့ ရောနှောကပြခဲ့သည့် ဆိုင်းအဖွဲ့ကို သဘင်အစည်းအရုံးမှ အရေးယူ
Dec 17 • 3:34 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


