back

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် အမျိုးသားအဆင့်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ကို ကြက်ခြေနီမှသင်တန်းပြုလုပ်ခဲ့

Dec 17 • 3:28 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် အမျိုးသားအဆင့်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ကို ကြက်ခြေနီမှသင်တန်းပြုလုပ်ခဲ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော အမျိုးသားအသင်း အဆင့်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း (National Disaster...

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော အမျိုးသားအသင်း အဆင့်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း (National Disaster Response Team Training) (NDRT) ဖွင့်ပွဲကို ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာ၀န်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ မွန်ပြည်နယ်ဒုတိယကြက်ခြေနီတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဒီဇင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၅)ရက်တာ ပြုလုပ်နေသည့် အဆိုပါသင်တန်းသို့ ကြက်‌ခြေနီ၀န်ထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မိတ်ဖက် ကြက်ခြေနီအသင်းများမှ ၀န်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ (၂၆)ဦး တက်ရောက်လျက် ရှိပါသည်။

news-view-count-icon

17