တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဆိုမာလီနိုင်ငံခြားရေးဝန်ကြီး Abdisalam Abdi Ali (Dhaay) နှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက် နှစ်ပတ်လည်ဂုဏ်ပြုသဝဏ်လွှာများကို ဒီဇင်ဘာ ၁၄ ရက်က အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ဆိုမာလီနိုင်ငံတို့သည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် နက်ရှိုင်းလျက်ရှိကာ သက်ဆိုင်ရာ ဘုံအကျိုးစီးပွားများ၊ အဓိကဂရုပြုကိစ္စရပ်များနှင့်စပ်လျဉ်းသော ကိစ္စရေးရာများ၌ အချင်းချင်း အားပေးထောက်ခံခဲ့ကြကာ နယ်ပယ်စုံ၌ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်လျက်ရှိကြောင်း ဝမ်က သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ဆိုမာလီနိုင်ငံခြားရေးဝန်ကြီး Abdisalam Abdi Ali (Dhaay) က ၎င်းတို့နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးကျေးဇူးအတွက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မူဘောင်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။



