ရန်ကုန်စတော့အိပ်ချိန်း ရဲ့ စာရင်းဝင်အကြိုဈေးကွက် မှာ မှတ်ပုံတင် ကုမ္ပဏီ အဖြစ် ဝင်ရောက်မယ့် ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှု လုပ်ငန်း အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက် (ASPGB) ဟာ အခြေခံစျေးနှုန်း ကျပ် ၁၀,၀၀၀ နဲ့ စတင် အရောင်းအဝယ်ပြုလုပ်သွားမယ်လို့သိရပါတယ်။ဂျီဘီအက်(စ်) ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက် မှာ ရန်ကုန်စတော့အိပ်ချိန်း ရဲ့ စာရင်းဝင်အကြိုဈေးကွက် အတွင်း စတင်အရောင်းအဝယ်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခြေခံစျေးနှုန်း အနေနဲ့ မြန်မာငွေကျပ် ၁၀,၀၀၀ ၊ အမြင့်ဆုံး စျေးနှုန်းသတ်မှတ်ချက် မြန်မာငွေကျပ် ၁၂,၅၀၀ ၊ အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက် : မြန်မာငွေကျပ် ၇,၅၀၀ နဲ့ တစ်ချက်ခုန်စျေးနှုန်း မြန်မာငွေကျပ် ၅၀၀ ဆိုပြီးအသီးသီးသတ်မှတ်ထားတယ်လို့သိရပါတယ်။အခုလို စျေးနှုန်းဟာ ကြိုတင်သတ်မှတ်ထားတဲ့ ၊ မျှော်မှန်းထားပြီး အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်း အဖြစ် အဓိပ္ပါယ်သက်ရောက်စေဖို့ မရည်ရွယ်ပါဘူး။ရင်းနှီးမြှုပ်နှံသူ တွေ အနေနဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်အတွင်းရှိ မည်သည့် စျေးနှုန်း နဲ့ မဆို "ဈေးနှုန်းသတ်မှတ်အမှာစာ" ကို တင်နိုင်သလို
စတော့အရောင်းဖြစ်စေ၊ အဝယ်ဖြစ်စေဦးစားပေး ခြင်းခံရတဲ့ စျေးနှုန်းသတ်မှတ်စရာမလိုတဲ့ “ဈေးကွက်ပေါက်ဈေးအမှာစာ" ကိုလည်းပေးပို့နိုင်ပါတယ်လို့ " ASPGB က ဆိုပါတယ်။ဝယ်လိုအားနဲ့ ရောင်းလိုအား ပေါ်မူတည်ပြီး အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်အတွင်းရှိ စျေးနှုန်းတရပ်မှာသာ အရောင်းအဝယ် ဖြစ်နိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်။


