back

ရှမ်းပြည်နယ်၊ညောင်ရွှေမြို့တွင် ယခုနှစ်မိုးများသဖြင့် စိုက်ပျိုးထားသည့်ပြောင်းများ အထွက်နည်းပြီး တွက်ချေမကိုက်ဖြစ်နေ

Dec 17 • 3:16 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ညောင်ရွှေမြို့တွင် ယခုနှစ်မိုးများသဖြင့် စိုက်ပျိုးထားသည့်ပြောင်းများ အထွက်နည်းပြီး တွက်ချေမကိုက်ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ပြောင်းကိုအဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် မိုးကြောင့် ဒေသခံပြောင်းပင်များ ပျက်စီးမှုအများ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ပြောင်းကိုအဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် မိုးကြောင့် ဒေသခံပြောင်းပင်များ ပျက်စီးမှုအများအပြား ကြုံတွေ့ခဲ့ရပြီး တွက်ချေမကိုက်တော့ကြောင်း သိရသည်။ မိုးကြောင့်ဒေသခံအချို့က ပြောင်း(၂)ကြိမ်၊ (၃)ကြိမ်လောက်ပြန်လည်စိုက်ပျိုးရခြင်းလည်းရှိသဖြင့် အရင်းကယခင်နှစ်များထက် ပိုကုန်ကျကြောင်း သိရသည်။ ယခုချိန်၌စံကားဒေသတွင် ပြောင်းစံခြောက်တစ်ပိဿာ (၁၂၀၀)ကျပ်ရှိပြီး အစိုက (၈၀၀)ကျော်သာရှိသဖြင့် တောင်သူများအတွက် ယခုဈေးနှုန်းက တွက်ချေမကိုက်သေးကြောင်း သိရသည်။ စံကားဒေသတောင်ဘက်တွင်လည်း ယခင်မိုးရာသီကာလ၌ ဒေသတွင်းတည်ငြိမ်မှုမရှိခဲ့သဖြင့် ဒေသခံများပြောင်းစိုက်ပျိုးလုပ်ကိုင်ခွင့်ကိုလည်း ဒေသခံအာဏာပိုင်များက ပိတ်ပင်ခဲ့သေးသည်။

news-view-count-icon

13