နောက်(၂)ရက်အတွင်းညပိုင်းပိုအေးလာမယ့်ဒေသ(၆)ခုရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်။နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။အခုရက်ပိုင်းမှာ နေပြည်တော်၊ရန်ကုန်မြို့၊မန္တလေးမြို့မှာ သာယာပြီးမိုးလေကင်းလွတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။



