ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၌ ဒီဇင်ဘာလ အတွင်း လျှပ်စစ်မီး ပျက်တောက်ချိန် များလာ၍၊ စနေ ၊ တနင်္ဂနွေရက်တို့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်း ရှိကြောင်း သိရသည်။ မီးပျက်ချိန် များလာသဖြင့် လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း ကြားသိရသည်။အထူးသဖြင့် နေ့လည်ပိုင်းများ ၊ မနက်စောစော အချိန်များတွင် ပြတ်တောက်လေ့ ရှိပြီး အချိန်ကြာမြင့်စွာ မီးပျက်ခြင်းကြောင့် လုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေး၍ခက်ခဲမှုရှိကြောင်း သိရသည်။ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် အင်တာနက်လိုင်းများ သုံးစွဲရန် ခက်ခဲခြင်း ၊ အွန်လိုင်း ပညာသင်ယူသူများအခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။
Dec 17 • 3:15 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 11 | 0 | 0 | 0 |


