back

တရုတ်ကိုယ်စားလှယ်မှ မှားယွင်းသော ပြောဆိုချက်များ ဂျပန်နိုင်ငံ ရုပ်သိမ်းရန် ထပ်မံတိုက်တွန်း

Dec 17 • 3:13 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ကိုယ်စားလှယ်မှ မှားယွင်းသော ပြောဆိုချက်များ ဂျပန်နိုင်ငံ ရုပ်သိမ်းရန် ထပ်မံတိုက်တွန်း

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဒီဇင်ဘာ ၁၅ ရက် လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်စွမ်းပြသခြင်း” တံခါးဖွင့်အချေအ...

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဒီဇင်ဘာ ၁၅ ရက် လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်စွမ်းပြသခြင်း” တံခါးဖွင့်အချေအတင်ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံအား မှားယွင်းသော ပြောဆိုချက်များကို ရုပ်သိမ်းရန် ထပ်မံတိုက်တွန်းခဲ့သည်။ထိုသို့ ပါဝင်ဆွေးနွေးရာတွင် ဖုချုံးက ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်နိုင်စွမ်းကို ပြသခြင်းတွင် ဦးစွာ ငြိမ်းချမ်းရေးကို တန်ဖိုးထားလေးစားရန်၊ တရားမျှတမှုကို လက်ကိုင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက သမိုင်းကို အတူတကွ ပြန်လည်သုံးသပ်ပြီး အနာဂတ်အား စီမံရေးဆွဲနေချိန်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကမူ ပြောင်းပြန်လုပ်ရပ်များ လုပ်ဆောင်ကာ ဂျပန်၏ “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” သည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် ဆက်စပ်နေသည်ဟု ပြောဆိုခဲ့သည်။

news-view-count-icon

11