back

မြန်မာနိုင်ငံတွင် ရုရှားသုံးဦး ပြန်ပေးဆွဲခံရဟု ရုရှားသံရုံးပြော

Dec 17 • 3:04 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ရုရှားသုံးဦး ပြန်ပေးဆွဲခံရဟု ရုရှားသံရုံးပြော

မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံသား သုံးဦး ပြန်ပေးဆွဲခံရပြီး ၎င်းတို့ကို ဖမ်းဆီးထားသူများက ပြန်ရွေးငွေ တောင်းလျက် ရှိကြောင်း မြန်မာရှိ ရုရှားသံရုံး ကောင်စစ်ရေးရာ...

မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံသား သုံးဦး ပြန်ပေးဆွဲခံရပြီး ၎င်းတို့ကို ဖမ်းဆီးထားသူများက ပြန်ရွေးငွေ တောင်းလျက် ရှိကြောင်း မြန်မာရှိ ရုရှားသံရုံး ကောင်စစ်ရေးရာဌာန၏ ထုတ်ပြန်မှုကို ကိုးကားလျက် ရုရှားမီဒီယာက ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြသည်။ ပျောက်ဆုံးနေသော ရုရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေသည့် ပြန်ပေးဆွဲခံရမှုဖြစ်စဉ်သုံးခု နှင့်ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းလျက် ရှိကြောင်း ရုရှားသံရုံးက အတည်ပြုသည်။ သို့သော် အဆိုပါရုရှားနိုင်ငံသား သုံးဦး မည်သည့်နေရာ သို့မဟုတ် မည်သည့်အချိန်တွင် ပြန်ပေးဆွဲခံရသလဲ ဆိုသည်ကို ယင်းက ထုတ်ဖော်ခြင်း မရှိပါ။

news-view-count-icon

16