ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာဟာ အသင်းကို (၇)လအတွင်း (၃)ကြိမ်မြောက် ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။အီတလီနည်းပြ မာရက်စကာဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၄ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ကွန်းဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် မာရက်စကာအနေနဲ့ ၂၀၂၅ မေလမှာ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ရောက်ရှိခဲ့ခြင်းက ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးဆီမီးဖိုင်နယ်ဖြစ်ပြီး ဇူလိုင်လမှာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက်ရှိခြင်းက ဒုတိယမြောက် ဆီမီးဖိုင်နယ်ဖြစ်ပါတယ်။အခု မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်မှာ ကာဒစ်ဖ်ကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာကြောင့် (၇)လအတွင်း တတိယမြောက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းကို (၇)လအတွင်း (၃)ကြိမ်မြောက် ဆီမီးဖိုင်နယ်ရောက်ရှိအောင် နည်းပြ မာရက်စကာ စွမ်းဆောင်နိုင်ခဲ့
Dec 17 • 2:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


